သရုပ်ဆောင် - ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခင်မို့မို့အေး
ထုတ်လုပ်ရေး - မျက်ခြယ်
ဇာတ်လမ်း - ၅၂၈ မေတ္တာဘွဲ့ ဇာတ်လမ်းအမျိုးအစား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်
ဒါရိုက်တာ - ညီညီထွန်းလွင်
ဝတ္ထု - ခင်ဦးခင်ခင်
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လွင်မိုး၊ ရာဇာနေ၀င်း၊ ခန့်စည်သူ၊ ပြေတီဦး၊ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ဖူးစုံ
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရန်အောင်၊ ခန့်စည်သူ၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို
ဒါရိုက်တာ - မီးပွား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - နေတိုး၊ ထွန်းထွန်း၊မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကယ်ဒမီငြိမ်းမင်း
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လူမင်း၊ ချစ်သုဝေ
ဒါရိုက်တာ - အိအိခိုင်
ထုတ်လုပ်ရေး - လင်းရုပ်ရှင်ထုတ်လုပ်ရေး
ဝတ္ထု - မစန္ဒာ
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ဗေလုဝ
ဒါရိုက်တာ - အဏ်ထော်ဏီ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်သူ၊ မို့မို့မြင့်အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်
ဒါရိုက်တာ - အောင်ဆွေမြန်မာ
ထုတ်လုပ်ရေး - ကျော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရဲအောင်၊ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ ပုလဲဝင်း၊ ချောရတနာ
ဒါရိုက်တာ - ညီညီထွန်းလွင်
ဇာတ်လမ်း အကျဉ်း -
ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး

သရုပ်ဆောင် - လွင်မိုး၊ ရာဇာနေ၀င်း၊ ခန့်စည်သူ၊ ပြေတီဦး၊ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ဖူးစုံ
ဒါရိုက်တာ - မိုက်တီး
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး
ဖြူပြာ၊ မူယာ၊ သူဇာတို့ သူငယ်ချင်းသုံးယောက်သည် တစ်ဦးကိုတစ်ဦး အလွန်ချင်ခင်ကြသော ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ကြပြီး ယခုကျောင်းပြီး၍ အလုပ်ကိုယ်စီ လုပ်ကြသည့်တိုင်အောင် အိမ်ခန်းတစ်ခန်းစုငှားကာ အတူတကွ နေထိုင်ကြရင်း အောင်မြင်သည့် ဘ၀လမ်းကို ကိုယ်ထူးကိုယ်ချွန် တည်ဆောက်နေကြသူများ ဖြစ်သည်။
ဖြူပြာမှာ ဟော်တယ်တစ်ခုတွင် မန်နေဂျာလုပ်၍ မူယာမှာ မော်ဒယ်လ် အေဂျင်စီတစ်ခုမှ နည်းပညာ ဆရာမတစ်ဦးဖြစ်ပြီး သူဇာမှာ ကွန်ပျူတာ ကုမ္ပဏီတစ်ခုမှ သင်တန်းဆရာမတစ်ဦး ဖြစ်သည်။ သူမတို့ သုံးဦးစလုံးတွင် ဘ၀အတွက် ရည်မှန်းထားသော လက်တွဲဖော်များ ကိုယ်စီရှိကြပြီး တစ်ဦးအပေါ်တစ်ဦး လွန်စွာ ချစ်မြတ်နိုးကြသည့်တိုင် စရိုက်ချင်း မကိုက်ညီသော အသေးအဖွဲ့ ကိစ္စလေးများကြောင့် မကြာခဏဆိုသလို ကတောက်ကဆ ဖြစ်ကြရလေသည်။ ဤသို့ မကြာခဏ ကတောက်ကဆဖြစ်ရသည့် ပြဿနာများမှာကား-
. ဖြူပြာနှင့် သူမ၏ ချစ်သူကိုအေးတို့တွင် ဖြူပြာက သွက်သွက်လက်လက်နှင့် စိတ်မြန်ကိုယ်မြန် ဆုံးဖြတ် လုပ်ကိုင်တတ်သလောက် ကိုအေးမှာ ကိစ္စတိုင်းမှာ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ဖခင်ဖြစ်သူ၏ ဦးဆောင်မှုနောက်တွင်သာ လိုက်ပါလုပ်ဆောင်ရခြင်း…
မူယာ၏ ချစ်သူ ဇေယျမှာ ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းဆရာပီပီ ရိုးကုပ်ကုပ်ဖြင့် မြန်မာဆန်ဆန် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဝတ်ဆင်နေထိုင်တတ်သောကြောင့် မူယာ၏ ခေတ်မီဆန်းပြားသော ဆင်ယင်ထုံးဖွဲ့မှုနှင့် ပြောဆိုနေထိုင်မှုများအကြား အယူအဆများ ကွဲပြားကြခြင်း…
. ကားအရောင်းအ၀ယ်လုပ်သော သူဇာ၏ချစ်သူ ကျော်စွာမြင့်မှာ သူဇာ့အပေါ် သူမ၏ ကုမ္ပဏီပိုင်ရှင် ဦး တင်ကိုကိုက လိုအပ်သည်ထက်ပို၍ မျက်နှာသာပေးမှုအပေါ် သ၀န်တိုလျက် မကြာခဏ စကားများတတ်ခြင်း တို့ပင် ဖြစ်ပေရာ နေ့စဉ်နှင့်အမျှ သူတပြန် ကိုယ်တပြန် ငြင်းခုံစကားနိုင် လုပ်ကြရာမှ ပြဿနာ များပိုမိုကြီးထွားလာပြီး အနိုင်ယူလိုစိတ် ပိုကဲသော မိန်းကလေးများက ချစ်သူသစ်ရှာလျက် အရွဲ့တိုက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ယင်းအစီအစဉ်အား သူမတို့၏ ချစ်သူများ သိရှိသွားကြသည်ဆိုသည်ကိုမူ သူမတို့ လုံးဝ မရိပ်မိကြချေ။
ဤသို့ဖြင့် ကိုယ်စီ ချစ်သူသစ်များ ရှာဖွေတွေ့ရှိကြ၍ တစ်ဦးကိုတစ်ဦး ကြွားဝါကြသော နေ့တွင် သူမတို့ သုံးဦးစလုံး၏ ချစ်သူမှာ လွင်မိုးတစ်ဦးတည်း ဖြစ်နေသဖြင့် လွန်စွာ ဒေါသထွက်ကြရလေသည်။ ထို့ကြောင့် လွင်မိုးအား သင်ခန်းစာပေးမည်ဟူသော စိတ်ကူးဖြင့် လွင်မိုးနှင့် တွေ့ဆုံရန်သုံးယောက်သား ချိန်းဆိုလိုက်ကြသော်လည်း တကယ်တမ်း တွေ့ကြရသောအခါ သူမတို့နှင့် တွဲရိုက်ထားသော ဓာတ်ပုံများကို ပြလျက် သူမတို့၏ ချစ်သူများထံ ပေးပို့မည်ဟုဆိုကာ လွင်မိုး၏ ခြိမ်းခြောက်ငွေညှစ်ခြင်းကိုသာ ခံကြရပေ သည်။ သူမတို့ သုံးဦးလည်း ကြံရာမရသည့်အဆုံး ကားကို စရံအဖြစ်ပေးခဲ့ပြီး လိုအပ်သော ငွေကို မရမက ရှာဖွေကြရလေတော့သည်။ ငွေရ၍ ပေးမည်ဟု သွားသောနေ့တွင် လွင်မိုးက သူမတို့ကားပေါ်တွင် သေဆုံးနေပြီး ပြဿနာ ပိုမို ကြီးထွားလာတော့သည်။ သူမတို့ သုံးဦးလည်း ခေါင်းမီးတောက်လျက် အလောင်းကို ဖျောက်ရန် နည်းမျိုးစုံဖြင့် ကြံစည်ကြပြန်သည်။
. ဤအခြေအနေတွင် သူမတို့နှင့် မလှမ်းမကမ်းရှိ ဗီဒီယို ရိုက်ကူးသော အဖွဲ့မှ ရဲဝတ်စုံနှင့်လူကိုတွေ့ရာ ပိုမို၍ ကြောက်လန့်နေစဉ် လွင်မိုး၏ချစ်သူ ရူပါ ရောက်လာပြီး သူမတို့ကို မေးမြန်းရာ ရူပါ့ကို ရဲဟုထင်ပြီး အယောင်အယောင် အမှားမှားဖြစ်လျက် အလောင်းကို အရသယ်ကာ ဖျောက်ဖျက်ရန် ကြိုစားသည်တွင် မထင်မှတ်သော ပြဿနာများ ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာပြီး သူမတို့ ချစ်သူများနှင့်ပင် လမ်းခွဲကြရမည့် အနေအထားသို့ ဆိုက်ရောက်လာလေတော့သည်။
သူမတို့လည်း မိမိတို့ ပေါ့ပေါ့တန်တန်ဟု ထင်ကာ ပြုလုပ်ခဲ့မိသော ကိစ္စမှ ကြီးမားသော ပြဿနာတစ်ခု ဖြစ်ရသည်ကို ကြီးစွာ နောင်တရလျက်ရှိနေစဉ် သူမတို့ ချစ်သူများကလည်း ခွင့်လွှတ်လျက် သူမတို့အတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ချမ်းမြေ့ဖွယ်ရာအဖြစ် အားလုံးစုံညီစွာဖြင့် ဧည့်ခံပွဲတစ်ခု ဖန်တီးပေးမည်ဟု ဆိုသောအခါ သူမတို့မှာ ချစ်သူများအပေါ် ပိုမို၍ပင် လေးစားချစ်ခင်စိတ်များ တိုးပွားလျက် မိမိတို့ လုပ်ရပ်အတွက် ယူကျုံးမရ ပူဆွေးနေမိတော့သည်။ ထိုသို့ ချစ်သူများနှင့် ပျော်ရွှင်ကြည်နူးကြရတော့မည် အခြေအနေသို့ ဆိုက်ရောက်လာကာမှ သူတို့ အလောင်းသယ်စဉ်က ရိုက်ထားသော ဓာတ်ပုံများကို အမြန်ဆုံး ရွေးယူပါရန်နှင့် မရွေးပါက ဧည့်ခံပွဲသို့ အရောက်လာပြီး ပြဿနာရှာမည်ဟု ဖုန်းဖြင့် ခြိမ်းခြောက်ငွေညှစ်မှုတစ်ခု ထပ်မံ ပေါ်ပေါက်လာပေရာ သူမတို့မှာ တစ်ပူပေါ် နှစ်ပူဆင့်လျက် ကြီးစွာ အခက်တွေ့နေရတော့သည်။
နောက်ဆုံး ဧည့်ခံပွဲလုပ်မည့်နေ့တွင် ရူပါက ဧည့်ခံပွဲသွားရန် အဆင်သင့် ပြင်ဆင်ထားသော သူမတို့ သုံးဦးလုံး တုန်လှုပ်ခြောက်ခြားလျက် လိုက်ပါခဲ့ရသည်။ ယင်းသို့ လိုက်ပါရင်းဖြင့် တစ်နေရာအရောက်တွင် ကားပေါ်မှ ဆင်းခိုင်းလျက် ခေါ်ဆောင်သွားပြီး မျက်နှာတွင် စည်းထားသော အ၀တ်များကို ဖြည်လိုက်ရာ သူမတို့၏ ချစ်သူများ အသင့်စောင့်ဆိုင်းနေသော ဧည့်ခံပွဲအတွက်သို့ ရောက်နေကြောင်း အံ့သြစွာ တွေ့ကြ ရလေသည်။ သူမတို့လည်း မိမိတို့ ချစ်သူများရှေ့တွင် ပြဿနာနှင့် ပက်ပင်းတိုးပြီဟု တွေးလျက် သောကပွားနေ စဉ် စင်ပေါ်တွင် သီချင်းသီဆိုနေသော လွင်မိုးကို တွေ့ရသဖြင့် ပို၍ပင် မျက်စိလည်သွား ကြရပြန်သည်။ သို့သော် နောက်ဆုံးတွင် ချစ်သူများအပေါ် အနိုင်ယူလိုသော သူမတို့အပေါ် သူမတို့၏ ချစ်သူများက သူငယ်ချင်းများဖြစ်သည့် ရူပါနှင့် လွင်မိုးကို အကူအညီတောင်းလျက် မိမိတို့၏ အချစ်ကို တန်ဖိုး ထား လေးစားစေရန် ဤသို့ ဇာတ်လမ်းစဉ်ကာ သင်ခန်းစာပေးလိုက်ခြင်းဖြစ်ကြောင်း အကြောင်းစုံ သိရှိသွား ကြပြီး ဧည့်ခံပွဲများကို ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အပူအပင်ကင်းစွာ ဆင်နွှဲလိုက်ကြလေတော့သည်။