သရုပ်ဆောင် - ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခင်မို့မို့အေး
ထုတ်လုပ်ရေး - မျက်ခြယ်
ဇာတ်လမ်း - ၅၂၈ မေတ္တာဘွဲ့ ဇာတ်လမ်းအမျိုးအစား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်
ဒါရိုက်တာ - ညီညီထွန်းလွင်
ဝတ္ထု - ခင်ဦးခင်ခင်
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လွင်မိုး၊ ရာဇာနေ၀င်း၊ ခန့်စည်သူ၊ ပြေတီဦး၊ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ဖူးစုံ
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရန်အောင်၊ ခန့်စည်သူ၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို
ဒါရိုက်တာ - မီးပွား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - နေတိုး၊ ထွန်းထွန်း၊မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကယ်ဒမီငြိမ်းမင်း
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လူမင်း၊ ချစ်သုဝေ
ဒါရိုက်တာ - အိအိခိုင်
ထုတ်လုပ်ရေး - လင်းရုပ်ရှင်ထုတ်လုပ်ရေး
ဝတ္ထု - မစန္ဒာ
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ဗေလုဝ
ဒါရိုက်တာ - အဏ်ထော်ဏီ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်သူ၊ မို့မို့မြင့်အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်
ဒါရိုက်တာ - အောင်ဆွေမြန်မာ
ထုတ်လုပ်ရေး - ကျော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရဲအောင်၊ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ ပုလဲဝင်း၊ ချောရတနာ
ဒါရိုက်တာ - ညီညီထွန်းလွင်
ဇာတ်လမ်း အကျဉ်း -
ဒီဝါကျွတ်အမီ ခယ်မအမြန် အစွံထုတ်ရန်ရှိသည်

သရုပ်ဆောင် - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ဗေလုဝ
ဒါရိုက်တာ - အဏ်ထော်ဏီ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ပွဲစားလောကမှာ မသိသူမရှိ၊ သူလုပ်ပေးတဲ့ အလုပ်မှန်သမျှ အကုန်ဖြစ်တဲ့ ပွဲစားဝကြီး၊ ဒါပေမယ့် သူဖြစ်အောင် မလုပ်နိုင်တဲ့အလုပ်က အိမ်က သူ့မိန်းမ၏ ညီမ ခယ်မ သရဲဗလ။ သရဲဗလလို့ နာမည်တင်စားပြီး ခေါ်ကြတဲ့ ရုပ်ဆိုး၊ အကျည်းတန်၊ အစားပုတ်၊ ရောင်းမစွံတဲ့ ခယ်မတစ်ယောက်ကို ရောင်းစွံအောင် ၀ကြီး က သူငယ်ချင်း မျိုးမြင့်ထွန်း ၏ အကြံပေးတဲ့အတိုင်း၊ ရပ်ကွက်အတွင်း ရှိသူများနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြုံဆုံစေရန်အတွက် နည်းမျိုးစုံဖြင့် ကြံစည်ခဲ့တယ်။ ဒါပေမယ့် ခယ်မဖြစ်သူ သရဲဗလတစ်ယောက်ကို စည်းရုံးမရတော့ ၀ကြီး တစ်ယောက် တစ်ဆင့်တက်ပြီး ရပ်ကွက်တွင်းမှ မိတ်ဆွေအပေါင်းအသင်းတို့အား အရက်တိုက် စည်းရုံးခဲ့ပြန်တယ်။
. အရက်သမားတို့ မူးကြပေမယ့် သရဲဗလကို တွေ့သွားတာနဲ့ အမူးပြေ ထွက်ပြေးကြတဲ့ အဆင့်တောင် ဖြစ်ကုန်ကြတယ်။ သရဲဗလတစ်ယောက်ရဲ့ မလှမပ၊ ၀၀ပုံဆိုးဆိုးကြီးကိုတော့ မြင်သူတကာ သရဲထင်ပြီး လန့်ကြတာကြောင့် ခယ်မကို ဘယ်လိုမှ စွံအောင် မရောင်းနိုင်တဲ့ ပွဲစားဝကြီးကို သူငယ်ချင်းဖြစ်သူ မျိုးမြင့်ထွန်းမှ ရပ်ကွက်အတွင်းမှ လူများနဲ့ ဖူးစာဆုံစေရန် ကြံစည်ခိုင်းပါတယ်။ မိုးရာသီ ရောက်ပြီဖြစ်တဲ့အတွက် ဇာတ်ခေါင်းကွဲပြီဖြစ်လို့ ဇာတ်ထဲက မီးဆလိုက်များ ပေါင်ချင်တဲ့သူရှိတဲ့အတွက် အပေါင်ခံထားရင် အတိုးလဲရ ၀ကြီးအိမ်မှာ ဆင်ထားပြီး မြူးဇစ်သီချင်းလေးကို ခပ်ဟော့ဟော့လေးဖွင့်လို့ ၀ကြီး စပ်ထားတဲ့ ကော့တေးအရက်ကိုတိုက်။ အရက်မူးပြီးကလို့ လွတ်လာရင် တစ်ယောက်မဟုတ်တစ်ယောက်နဲ့ အဆင်ပြေသွား နိုင်တယ်လို့ ယူဆပြီး ကြံစဉ်ကြတယ်။ ၀ကြီးတစ်ယောက် အိမ်မှာ မီးလုံးတွေတပ်ပြီးတော့ ကော့တေးအရက်ကို ဒန်ဇလားထဲမှ စုပေါင်းရောမွေသမမွှေနေချိန် မိန်းမက သမီးလေးကိုချီပြီး ရောက်လာကာ ဘာတွေ လုပ်နေတာလဲမေးရင်း စကားများရန်ဖြစ်ကြပြီး သူ့အမေအိမ်ဆီကို ဆင်းသွားပါလေရော။ ၀ကြီးလည်း စီစဉ်ထားတဲ့အတိုင်း ရပ်ကွက်အတွင်းမှ စည်းရုံးထားတဲ့ အပေါင်းအသင်းများကို ရောက်လာတာနဲ့ ကော့တေးအရက်လေးတိုက် မီးဖွင့်၊ ခပ်ဟော့ဟော့သီချင်းတွေဖွင့်ပြီး ကလိုက်ကြတာ။ တဖြည်းဖြည်း မူးရင်း၊ မူးရင်း ပျော့ခွေတဲ့ အဆင့်အရောက်မှ ၀ကြီးမှာထားတဲ့အတိုင်း အနုမြူမီးလုံး နဲ့ လိုက်ဖက်အောင် ဂါဝန်ဖြူဝမ်းဆက် ၀တ်ထားတဲ့ သရဲဗလ ထွက်ခဲ့ရန် ပြောလိုက်တဲ့အခါ…………။ ငမူးတစ်သိုက်ခမျာ………..။ ရုပ်ဆိုးဆိုး အသားမဲမဲ ဂါဝန်ဖြူ ၀မ်းဆက်ဝတ်ထား တဲ့ သရဲဗလကို တွေ့လည်းတွေ့ ကြောက်လည်း ကြောက်လန့်ပြီး အရက်အမူးပြေသွားပါရောလား။ မြူးကြွတဲ့ တီးလုံးသံစဉ်ကိုကြားပြီး ၀မ်းတွင်းရူးလို့ တင်စားရတဲ့ ၀ကြီးခယ်မက ကတော့ လက်နှစ်ဖက်ရမ်းကို့ ခုန်ဆွခုန်ဆွကရင်း ခုန်ရင်းပြေးသွားတဲ့ လမ်းတလျှောက်က ငမူးတစ်သိုက်မှာ ထွက်ထွက်ပြေးပြီး ၀ကြီးနောက်မှာ တန်းစီပုန်းနေကြလိုက်တာ၊ တချို့က ကြောက်လန့်ပြီး ဘုရားစာ အော် ဆိုကြ၊ တချို့ဆိုလည်း အရက်ကို ပိုသောက်ကြရင်း မူးပြီး အိပ်ပျော်သွားတာတောင် ခြေထောက်ကို တိုင်မှာ ကြိုးနှင့်ချည်ထားကြရတယ်။ ၀ကြီးခယ်မလည်း မောပြီး သူ့အခန်းထဲ ၀င်အိပ်ပျော်သွား၊ ခယ်မဖြစ်သူ သရဲဗလရဲ့ အခန်းက ခြေဖွနင်းသံ၊ ပစ္စည်းတွေ ထုတ်ပြီး အထုတ်ထဲထည့်သံ အသံစုံအောင် ကြားနေရတဲ့ ၀ကြီးတစ်ယောက် သူတိုက်ထားတဲ့ ဘော်ဒါတွေထဲက တစ်ယောက်ယောက်တော့ ၀ကြီးခယ်မနဲ့ ခိုးပြေးဖို့ ပြင်ဆင်ကြပြီးထင်ပြီး ၀ကြီးထချောင်းစဉ် ……….။ ခယ် မ အခန်းတံခါး ဖွင့်လိုက်တာနဲ့ အခန်းတွင်း ရောက်နေသူက အင်္ကျီဗလာကျင်းနဲ့ လူစိမ်းတစ်ယောက်။ ၀ကြီးတို့ အဆင်ပြေပြီ။ ရတဲ့ အခွင့်အရေးကို တုံ့ဆိုင်းမနေဘဲ အခန်းထဲမှ လူ (ကျော်ကို) ကို ခယ်မဖြစ်သူအား မယူရင် အိမ်ကျော်နင်းမှု၊ မုဒိမ်းမှုကြံစည်မှုတို့ဖြင့် တရားစွဲမယ်လို့ အကြပ်ကိုင်တဲ့အခါ ကျော်ကိုခမျာလည်း လူကြီးစုံရာဖြင့် သရဲဗလကို လက်ထပ်ယူ လိုက်ရတော့တယ်။
နောက်တစ်နေ့ မနက်မိုးလင်းမှာတော့ ၀ကြီးတစ်ယောက် အိမ်ရှေ့ကော်ဖီ သောက်နေစဉ် ယောက္ခမနှင့် မိန်းမတို့ ပြန်ရောက်လာပြီး သူ့သမီး လင်နောက်လိုက်သွားပြီဖြစ်ကြောင်း ကို ၀ကြီးရှင်းပြတဲ့အခါ ၀ကြီးမိန်းမက မယုံပါဘူး။ အိမ်ရှေ့ကဖြတ်သွားတဲ့ညက အရက်လာသောက်တဲ့သူကို ခေါ်မေးကြည့် တော့ မှ ယုံကြည်သွားတယ်။
ဝကြီးတစ်ယောက် အိမ်ပြန်လာစဉ် ခယ်မနဲ့အတူ ကျော်ကို အိမ်ပေါ်ရောက်နေတာ တွေ့လိုက်ရတယ်။ ဘာဖြစ်လို့ ပြန်ရောက်လာတာလဲ မေးတော့ ၀ကြီးမိန်းမက ညီမလေးတို့ လင်မယား ၂ ယောက် နေစရာမရှိလို့ ပြန်လာတာတဲ့။ ၀ကြီးတစ် ယောက်မှာ မပျော်နိုင်တော့ဘဲ အိမ်မှာခေါ်ထားခဲ့ရတော့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ၀ကြီးရဲ့ နာရီ ၂ လုံးပျောက်သွားပြီး ခယ်မဖြစ်သူ အိပ်ယာအောက်က ပြန်တွေ့တဲ့အခါ အားလုံးက ကျော်ကိုဘက်ဝိုင်းကာ ကြတယ်။ ဒီလိုနဲ့ ၀ကြီးတစ်ယောက် အိမ်တွင်းသူခိုးထဖမ်းရင်း အိပ်ပျက်ရတဲ့ည မနည်းတော့ကြောင်း သူငယ်ချင်းကို ပြောပြတော့ မင်းဂရုစိုက် ထမ်းနေလို့ သူခိုးခိုးနေတာ နေမှာပေါ့တဲ့။ သူငယ်ချင်းရဲ့ အကြံအတိုင်း သူခိုးထမဖမ်းဘဲ နေလိုက်ပြန်လည်း မရ။ အိပ်မောကျနေတဲ့ ၀ကြီးကို အိပ်အပြင်မှာ အထုပ်လိုက်သယ်ဖို့ လာနိုးလို့ လိုက်သယ်ပေးရ။ ၀ကြီးအိပ်ပြန်ရောက်မှ အောင့်သက်သက်ဖြင့် နေလိုက်ရလိုက်သယ်ပေးရနဲ့ လုံးလည်ချာလည် ရိုက်နေပါရောလား။
ဒါကို ပျော်မြူးနေတဲ့ ကျော်ကိုက စောင်းပြီး သီချင်းဆိုနေစဉ် ၀ကြီးတစ်ယောက်လည်း ပေါက်ကွဲပြီး ကျော်ကိုတို့ လင်မယားကို အိမ်ပေါ်က နှင်ချလိုက်ပါတော့တယ်။ ၀ကြီးမိန်းမနဲ့ ယောက္ခမတို့ပါ ကျော်ကိုတို့ လင်မယားဘက်ကနေ ၀ိုင်းပါပြီး ရန်ဖြစ်ကြတော့တယ်။ နောက်ဆုံးတော့ ၀ကြီးတစ်ယောက်သာ ရှုံးနိမ်ခဲ့ပြီး အိမ်ပေါ်ကနေ ဆင်းခဲ့ရတယ်။ ၀ကြီးကို မခွဲနိုင်ပါဘူးဆိုပြီး နောက်က လိုက်ဆင်းလာတဲ့ မိန်းမနဲ့ ယောက္ခမတို့ကိုလည်း ပြန်လက်ခံဖို့ ထင်တုန်းရှိသေး ခယ်မပါရောက်လာပြီး ခယ်မယောက်ျား ကျော်ကိုပါ အထုပ်တွေအားလုံးနဲ့တန်းစီ ရောက်လာကြပါတော့တယ်။ မထူးတော့ပါဘူးဆိုပြီး ကားတားနေစဉ် အထုပ်တွေနဲ့ ကုန်တင်ဟိုင်းလပ်ကားတစ်စီး ရောက်လာပြီး အားလုံးကားပေါ် တင်မောင်းခိုင်း လိုက်တယ်၊ ညနေစောင်းတော့ ကားနဲ့အတူ အိမ်ပြန်ရောက် လာကြပြန်တော့ ၀ကြီးလည်း မပျော်နိုင်တော့ဘဲ စိတ်ညစ်ရပြန်ပါရော။ တစ်နေ့တာလျှောက်လည်ခဲ့တဲ့ ကားခပါ ပေးရသေး။ ဒီတစ်ခါ ကျော်ကို ခေါ်သွားတဲ့အတိုင်း လိုက်သွားပေးပြီးမှ ကျော်ကိုလက်ထဲက အထုပ်ရောက်လာတာနဲ့ ရပ်ကွက်အတွင်း သူခိုး သူခိုးလို့ အော်ပြီး ဖမ်းခိုင်းစဉ် ကျော်ကိုက သူ့လက်ထဲက အထုပ်ကို ၀ကြီးလက်ထဲထည့်ပါတော့တယ်။ အဲဒီမှာလက်ထဲမှာ အထုပ်နဲ့အတူ သူခိုးထင်ပြီး အဖမ်းခံရသူကတော့ ခယ်မကို ယောက်ျားပေးစားမိပါတဲ့ ၀ကြီးပဲပေါ့………။
၆ နှစ် ပြစ်ဒဏ်ကျခံပြီးနောက် သီတင်းဝါလကျွတ်စဉ် ၀ကြီးဘုရားရှိခိုးနေခိုက် လူတစ်ယောက် အိမ်အတွင်း ၀င်ပြေးသွားသည့်အသံကြား၍ ဓာတ်မီးယူပြီးလိုက်စဉ် လူတစ်ယောက် အထုပ်ကြီး တစ်ထုပ် ထမ်း၍ အိမ်ပေါ်မှဆင်းသွားတာကို တွေ့လိုက်ရတယ်။ ၀ကြီးလည်း သူခိုးနောက်လိုက်ပြီး ရပ်ခိုင်းတဲ့အခါ မရပ်ဘဲ ရပ်ကွက်အတွင်း အော်ခေါ်၍ အကူအညီတောင်းတဲ့နောက် ရပ်ကွက်မှ လူများနှင့် ရဲ ၃ ယောက် ရောက်လာပြီးဖမ်းကြပြီပေါ့။ ဒီအခါမှာ အဲဒီလူဟာ ကျော်ကိုဖြစ်နေပါတယ်။ သူထမ်းလာတဲ့ အထုပ်ကတော့ သရဲဗလပါ။၊ ၀ကြီးမှာ ကျော်ကိုနှင့် ခယ်မအား သူကိုယ်တိုင် သူခိုးအလုပ် လုပ်မစားလျှင် ပေးစားမည်ဟုပြောပြီး ကျော်ကိုနှင့် သရဲဗလ။ ထို့နောက်……… ရပ်ကွက်မှလူများ ပျော်ရွှင်စွာဖြင့် ဇာတ်သိမ်းသွားတော့တယ်။.....