သရုပ်ဆောင် - ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခင်မို့မို့အေး
ထုတ်လုပ်ရေး - မျက်ခြယ်
ဇာတ်လမ်း - ၅၂၈ မေတ္တာဘွဲ့ ဇာတ်လမ်းအမျိုးအစား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်
ဒါရိုက်တာ - ညီညီထွန်းလွင်
ဝတ္ထု - ခင်ဦးခင်ခင်
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လွင်မိုး၊ ရာဇာနေ၀င်း၊ ခန့်စည်သူ၊ ပြေတီဦး၊ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ဖူးစုံ
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရန်အောင်၊ ခန့်စည်သူ၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို
ဒါရိုက်တာ - မီးပွား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - နေတိုး၊ ထွန်းထွန်း၊မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကယ်ဒမီငြိမ်းမင်း
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လူမင်း၊ ချစ်သုဝေ
ဒါရိုက်တာ - အိအိခိုင်
ထုတ်လုပ်ရေး - လင်းရုပ်ရှင်ထုတ်လုပ်ရေး
ဝတ္ထု - မစန္ဒာ
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ဗေလုဝ
ဒါရိုက်တာ - အဏ်ထော်ဏီ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်သူ၊ မို့မို့မြင့်အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်
ဒါရိုက်တာ - အောင်ဆွေမြန်မာ
ထုတ်လုပ်ရေး - ကျော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရဲအောင်၊ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ ပုလဲဝင်း၊ ချောရတနာ
ဒါရိုက်တာ - ညီညီထွန်းလွင်
ဇာတ်လမ်း အကျဉ်း -
ငယ်သူမို့မသိပါ

သရုပ်ဆောင် - လူမင်း၊ ချစ်သုဝေ
ဒါရိုက်တာ - အိအိခိုင်
ထုတ်လုပ်ရေး - လင်းရုပ်ရှင်ထုတ်လုပ်ရေး
ဝတ္ထု - မစန္ဒာ
. နွယ်နွယ်ခိုင် (သို့မဟုတ်) ဂျစ်တူး။
. အများကတော့ ဂျစ်တူးလို့ ခေါ်ကြတာပဲ။
. ဂျစ်တူးဘာသာဂျစ်တူး၊ ... ဂျစ်တူးဖြစ်တာ ဘာဖြစ်လဲ.. နော်.. ဂျစ်တူးဖေဖေက ခရိုင်ဝန်မင်းဦးသာကျော်နဲ့ ဒေါ်နုနု။ ဒါပေမယ့် ဂျစ်တူးက ဂုဏ်ဒြပ်ကြီးသူ မဟုတ်ပါဘူး။ ကာလာတွေမျက်နှာပေါ်မှာ တင်တာ၊ နူးညံ့ သိမ်မွေ့တာ... ဂျစ်တူး သဘာဝတော့ မဟုတ်ဘူးပေါ့နော်။ ဂျစ်တူးသဘာဝကတော့ မေမေတို့ပေးတဲ့မုန့်ဖိုးကို များများသုံးပေးတာ။ ဒါကိုပဲ မေမေတို့က ဂျစ်တူးကို အပြစ်ပေးသတဲ့...။ အရီးတို့ရဲ့ပန်လွယ်ရွာအလည်သွားတုနုး ပိုက်ဆံဖြတ်ဒဏ် ပေးတော့တာပဲ။
. အဲဒီဒဏ်ကြောင့်ပဲ ဟို ဦးဆိုးပေကြီးနဲ့ ဆုံခဲ့ရတာပါ။ ဟင်... အဲဒီ ဦးဆိုးပေကြီးကိုလေ...
. ဂျစ်တူး...။ ဂျစ်တူးက....။ ဂျစ်တူးက......။ (ငယ်သူမို့မသိလို့ပါနော်...) ချစ်တယ်! ...
. တက္ကသိုလ် ပထမနှစ် ကျောင်းသူနွယ်က အရီးတို့ရဲ့ ပန်လွယ်ရွာလေးကိုအလည်ရောက်တုန်ုး... စောကြာဒိုးတို့ ကလေးတစ်သိုက်နဲ့ အဖွဲ့ကြပါလေရော။ ငါးဖမ်း၊ ယုန်လိုက်၊ ငှက်ပစ်နဲ့ နွယ်တို့ ခြေရာတွေဟာ ပန်လွယ်ချောင်းတစ်လျှောက်နဲ့ ပန်လွယ်တော တလျှောက် ထင်ကျန်ခဲ့ပါတယ်။ အဲဒီတော့ တောတိုးတဲ့ နွယ်တို့တစ်အုပ်ဟာ ပန်လွယ်ရွာအစွန်က ခြံကြီးမှာ သစ်သီးသွားခိုးစားမိကြတာပေါ့။ ဒီမှာတင် ခြံပိုင်ရှင် ကိုမြင့်နိုင် (နွယ်တို့ရဲ့ နာမည်ဝှက်က... ဦးဆိုးပေကြီး)နဲ့ ဆုံတော့တာပါပဲ။ သစ်သီးခိုးတာမိတာတောင် နွယ်တို့က ဦးဆိုးပေကြီးနဲ့ တပြန်ရန်ထောင်လိုက်သေး.. ။ ဟုတ်တယ်လေ.. ၊ မသိလို့ ခူးစားတာပေါ့နော်။ သိရင် စားပါ့မလား။ အိမ်ရောက် အရီးမြဆီကို နွယ့်မေ့မေ့ဆီက စာရောက်တယ်။ ကျောင်းတုန်းက ဖြုန်းပုံတွေကို သိသွားလို့ ပိုက်ဆံမပို့တော့ဘူးတဲ့။ အေးရော။
. ဒီတော့လည်း နွယ်ကိုယ်တိုင် ပိုက်ဆံရှာရတော့မှာပေါ့လေ။
. နောက်တစ်နေ့ စောကြာဒိုးတို့ တစ်သိုက်နဲ့ ဆုံတော့ ဦးဆိုးပေခြံကိုရှင်းပေးရင်း လုပ်အားခ တစ်နေ့ ၂၀၀ ရတယ်ဆိုပဲ။
. ငွေလိုနေတဲ့ နွယ်တစ်ယောက် စောကြာဒိုးတို့နဲ့အတူ ဦးဆိုးပေကြီးခြံကြီးရဲ့ သန့်ရှင်းရေးစလုပ်ပါတော့တယ်။
. နွယ်တစ်ယောက်ကတော့ ဖြတ်ထိုးဥာဏ်နဲ့ ဦးဆိုးပေကြီးကို နာမည်တစ်ခုမိတ်ဆက်ခဲ့တယ်။ အဲဒါက 'ဂျစ်တူး' ပေါ့။ လေးတန်းတောင် မအောင်တဲ့ ဂျစ်တူးအဖြစ် ပေါက်တတ်ကရ တွေထွင်ပြောတော့ဦးဆိုးပေကြီး လည်း မဆိုးနိုင်ဘဲ ဦးဆိုးပေကိုယ်တိုင်က ယုံမိတာပေါ့။ သူကိုယ်တိုင်ကလည်း ဘ၀ကို ချို့တဲ့စွာရုန်းကန်ခဲ့ရပြီး အခုမှသာ ဦးလေး အမွေပေးလို့ ခြံပိုင်ရှင်ဖြစ်ခဲ့တာကိုလေ။ ဒီလိုနဲ့ ကိုယ်ချင်းစာနာ သနားရင်း စေတနာပါလို့၊ အင်္ဂလိပ်စာတွေသင်ပေး၊ သံယောဇဉ်တွေ ငင်နေမိလာတယ်။ တကယ်တော့ ဦးဆိုးပေနှင့် ဂျစ်တူး၏ သံယောဇဉ်က တစ်စုံတစ်ယောက်ကြောင့် မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဂျစ်တူးလို ကလေးဆန်သူ လေးကို ရင့်ကျက်တဲ့ ဦးဆိုးပေ(ကိုမြင့်နိုင်) က တကယ်ချစ်လို့လား။ ချစ်ရသူ တက္ကသိုလ်နယ်မြေရဲ့ လှဘုရင် မ 'ခင်သန္တာ' ၀င်ရောက်လာတဲ့အခါ...။
. မျှော်လင့်မထားတဲ့ နေ့တစ်နေ့မှာတော့... တက္ကသိုလ်က ကွင်း.... ခင်သန္တာက ကိုမြင့်နိုင်ဆီ စာရေးလာခဲ့ပါတယ်။ ပန်လွယ်ကို အလည်လာမယ့်အကြောင်းနဲ့ ကိုမြင့်နိုင်အမွေရလို့ ၀မ်းသာတဲ့အကြောင်းကို စာစီရေးထားတယ်။ ဒီအလှဘုရင်မက တက္ကသိုလ်တုနုးကကျ.... မျက်နှာမွဲ မြင့်နိုင်ကို လှည့်ကြည့်ခဲ့သူမှ မဟုတ်ပဲ။ ခုမှသာ..။ ရင်တွေဘာတွေ ခုန်ပြီး ကိုမြင့်နိုင်လေ.. ဂျစ်တူးတို့တစ်သိုက်ကို ကြွားမိပြီ။ ဂျစ်တူးလည်း ကြွားစ ကတော့ စိုးရိမ်စိတ်မရှိ။ ပြီးမှသာ သူမသိတဲ့ ခင်သန္တာများလား စိုးရိမ်မိလာတယ်။ ဂျစ်တူးသူငယ်ချင်းအစ်ကိုကို 'သင်္ဘောသားမှ အထင်ကြီးတယ်' လို့ အဖြေပေးခဲ့လို့ သင်္ဘောလိုက်ရာက မတော်တဆ သေဆုံးခဲ့ရရှာတာ။
. ဟင်း... အဲဒီ ခင်သန္တာများလား.. ဂျစ်တူး သက်ပြင်းချမိပြီ။
. ဂျစ်တူးရဲ့ သက်ပြင်းတွေက သိပ်တော့မရှည်လျားလိုက်ဘူး။ ကိုမြင့်နိုင် တောင်ကြီးသွားပြီး ပစ္စည်းဝယ်တဲ့နေ့မှ ခင်သန္တာတို့ တူဝရီးနှစ်ယောက်က ပေါက်ချလာတော့တယ်။ ဒီမှာတင် နောက်ကြောင်းမရှင်းတဲ့ ခင်သန္တာနဲ့ ကိုမြင့်နိုင်ကို သဘောမတူနိုင်တဲ့ ဂျစ်တူးက လှုပ်ရှားပါပြီ။ သရဲတုနဲ့ခြောက်၊ သရဲခြောက်ဟန်ဆောင်လိုက်တော့... တူဝရီးနှစ်ယောက် တစ်ခါတည်းပြေးရော။ ကိုမြင့်နိုင် တောင်ကြီးက အပြန်မှာ ခင်သန္တာနဲ့ တွေ့လို့ သံသယ၀င်မိပေမယ့်... ဘာတွေဖြစ်မှန်း နားမလည်ခဲ့ဘူး။ ပန်လွယ်ပြန်ရောက်မှပဲ... ဒါဟာ... ဂျစ်တူးလက်ချက်ဆိုတာ သိလာတယ်။ စိတ်ဆိုးဆိုးနဲ့ ဂျစ်တူးကို မေးပြန်တော့ ကိုမြင့်နိုင်ကို စိုးရိမ်လို့ပါတဲ့....။ ရိုးသားဖြူစင်သော ဂျစ်တူးရဲ့ မျက်လုံးအကြည့်များကို ကိုမြင့်နိုင် ဝေခွဲမရ...။
. ဒီမှာတင် ခင်သန္တာကို ပန်လွယ်လွှတ်ကာ ချောက်ချခဲ့သော ကိုမြင့်နိုင်ရဲ့ သူငယ်ချင်း သက်အောင်က ပန်လွယ်ကို လိုက်ချလာပြန်တယ်။ သက်အောင် အမွေရကြောင်းဖွလို့ ခင်သန္တာလိုက်လာတာကိုလည်း နားလည်လာခဲ့တယ်။ ဒါပေမယ့် သက်အောင်ဆိုတဲ့လူက ဂျစ်တူး (ခေါ်) နွယ်ရဲ့ အစ်ကို တစ်ဝမ်းကွဲဖြစ်တဲ့အခါ... ဂျစ်တူးရဲ့ ဘ၀အမှန်ဟာ ကိုမြင့်နိုင်ရှေ့မှာ ဘွားကနည်းပေါ်လာတယ်။ လူဖြောင့်ကြီး ကိုမြင့်နိုင် ရှက်ဒေါသဖြစ် ရပြီး... ဂျစ်တူးကိုလည်း မျက်စိရှေက ထွက်သွားခိုင်းလိုက်ပြီ။
. ဒီတစ်ခါ နွယ် (ဂျစ်တူး) မှားတယ်လို့ အစ်ကိုသက်အောင်က ဆိုတယ်။ ကိုမြင့်နိုင်ကို သွားတောင်းပန်ပါတဲ့။ ဂျစ်တူးမှားလို့လား။ ဘယ်နေရာမှာ မှားတာလဲ။ ဘယ်လိုမှားတာလဲ။ ဘာကြောင့်မှားတာလဲ။ ဂျစ်တူးလည်း မသိတော့ပါဘူး။
. ဂျစ်တူးက... ရိုးသားသူပါ။ မှားရင်လည်း တောင်းပန်ဖို့ ၀န်မလေးပါဘူး။ ဟန်ဆောင်မှုကင်းကင်းနဲ့ အမှားကိုလာတောင်းပန်တဲ့ ဂျစ်တူးကို ဦးဆိုးပေကြီးက ခွင့်လွတ်ပါ့မလားနော်။
. 'သံယောဇဉ်တွယ်နေတဲ့ ကိုမြင့်နိုင်က... ဂျစ်တူးလေးကို နားလည်ခွင့်လွှတ်တယ်တဲ့"
. ဒီလိုဆိုရင်.. ဂျစ်တူးနဲ့ ဦးဆိုးပေ...။ ဂျစ်တူးနဲ့ ဦးဆိုးပေ...။
. ငယ်သူမို့မသိလို့ပါ..... နော်။ .......