Competition Award ရင်ခုန်နှင်းဆီ

ရင်ခုန်နှင်းဆီ

demo image

သရုပ်ဆောင် - ကျော်သူ၊ မို့မို့မြင့်အောင် ၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်
ဒါရိုက်တာ - အောင်ဆွေမြန်မာ
ထုတ်လုပ်ရေး - ကျော်

. ဒေါ်နေခြည် ... ခင်ပွန်းအား သစ္စာမဲ့၍ အထင်ဖြင့် ယောက်ျားများအား နာကျည်းခဲ့သူ။
. ဦးထွန်းလူ ... ဒေါ်နေခြည်၏ အမျိုးသား။ အနုပညာကိုသာ မြတ်နိုး၍ ချစ်သူနှင့် လမ်းခွဲခဲ့သူ။
. သဇင်နုနု ... ဦးထွန်းလူ၏ သမီး။ မာနကြီးသော မိန်းကလေး.. ဖခင်မေတ္တာငတ်မွတ်နေသူ။
. ကြယ်စင် ... ထူးခြားဆန်းပြားသော လူငယ်လေးတစ်ဦး။ နှင်းဆီပန်း ၁ ပွင့်ကို မဖြစ်မနေပေးမည်ဟု စိန်ခေါ်တတ်သူ။ ဦးထွန်းလူရဲ့ တပည့် ဆိုသလောက် ဆုံဆည်းသောအခါ… ရင်ခုန်စရာကောင်းသော ဖြစ်ရပ်များက နှင်းဆီပွင့်များလို ရဲရဲ နီလာတော့သည်။ နီစွေးသော… အတိတ်တို့တွင်… နီစွေးသော … အတိတ် တို့တွင် ...

.                                                                                           အပိုင်း (၁)

.           (ဒေါ်နေခြည်) ငယ်ရွယ်စဉ်တွင် မိဘများက ပြည့်စုံသော သူဌေးသားတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ခဲ့ ပေမယ့် သူဌေးသားက ချစ်သူကိုသာ လက်ထပ်ခဲ့သည့်အတွက် စိတ်နာခဲ့ရသည်။ တက္ကသိုလ်ရောက်တော့ ပန်းချီဆရာလေး ကိုထွန်းလူနှင့် နှင်းဆီပန်းကြောင့် ဆုံဆည်းဖြစ်ခဲ့ကြသည်။ မိမိအောက်နိမ့်ပါးသူကိုရွေးမှ ခြယ်လှယ်နိုင်မည်ဆိုသော အတွေးဖြင့် ပန်းချီဆရာလေး ကိုထွန်းလူကို လက်ထပ်ခဲ့သည်က ဒေါ်နေခြည်ပင်။
.           အိမ်ထောင်ဦးတွင် ကိုထွန်းလူက ငွေကြေး၊ စီးပွားရေးကို အာရုံမ၀င်စားဘဲ ပန်းချီချည်းဆွဲနေသည့်အခါ မှန်းချက်ပင် နှမ်းထွက်မကိုက်ဘဲ မနေခြည် စိတ်ညစ်ခဲ့ရသည်။ သမီးတစ်ယောက်ရသည့်တိုင် အချိုးမပြောင်း တော့ ခင်ပွန်းးသည်ကို မနေခြည် စိတ်ပျက်လာခဲ့ပါပြီ။
.           တစ်နေ့…. မနေခြည်တစ်ယောက် ပန်းချီပြပွဲလုပ်စဉ် ၀ါသနာရှင်တစ်ဦးဖြစ်သော မချယ်ရီနှင့် ကိုထွန်းလူကို အထင်လွဲ၍ လူအများကြားတွင် ပေါက်ကွဲမိခဲ့သည်။ ဒါကပင် တစ်ဖက်သား မချယ်ရီအတွက် အငြိုးဖြစ်သွားစေမည်ကို မနေခြည်မသိ။ နောက်တစ်ကြိမ်တွင် ကိုယ်ဝန်သည်မိတ်ဆွေတစ်ဦးကို ဆေးခန်းပို့ပေး သော ကိုထွန်းလူကို မနေခြည်အထင်လွဲရာမှ လင်မယားကွဲကွာကြတော့သည်။ ဒီမှာတင် သမီးလေး သဇင်နုနုက အမေနှင့် ကျန်ရစ်ခဲ့သည်။
.           ဒီလိုနှင့် နှစ်တွေကြာလာသောအခါ.. ဦးထွန်းလူလည်း ပန်းချီဆရာကြီး ဦးလင်းနေရောင် ဖြစ်ခဲ့ပြီ။ မိန်းကလေးများကို မြင်တိုင်း သမီးများလားဟု မှန်းမျှော်တတ်သော ပန်းချီဆရာကြီး၏ မွေးစားသား ကြယ်စင် ဆိုသော လူငယ်လေးပင်။
.           သဇင်နုနုမှာမူ.. အဖေမေတ္တာမဲ့စွာ ကြီးပြင်းလာခဲ့ရသောကြောင့် ဖခင်ဆွဲခဲ့သော မပြီးသေးသော မိသားစု ပန်းချီကားကိုသာ ကြည့်ရင်းအရွယ်ရောက်လာခဲ့ပေပြီ။ ဒီမှာတင် ဦးထွန်းလူတပည့် ကြယ်စင်နဲ့ ဆုံကြပြီ။ နှင်းဆီပွင့် ၅ ပွင့်ကို မဖြစ်မနေ ပေးမည်ဟု စိန်ခေါ်ကာ မပျက်မကွက်အရောက်ပို့တတ်သော ကြယ်စင်သည် သဇင်နုနု ရင်ခွင်ဆီ အရောက်လှမ်းလာခဲ့သည်။ ကြယ်စင်နှင့် သဇင်စတွေ့စဉ်က သဇင်နှင်းဆီများကို ဒိုင်ဗင်ထိုး ၍ ဖမ်းသည်ကို သတိရပြီး ခြေရာကောက်တော့မှ ရေညှိနင်း၍ ချော်လဲခါနီး သဇင်နုနုကို ကြယ်စင်က ၀င်ဖမ်းခဲ့ မှန်းသိပြီး နှစ်ဦးသားရင်ခုန်သံချင်း ငြိတွယ်ခဲ့ကြသည်။

.                                                                                           အပိုင်း(၂)

.           နှစ်ယောက်သားရဲ့ ချစ်ဇာတ်လမ်းကို ဒေါ်နေခြည်သိချိန်မှာ သဇင့်ကို အိမ်ပြင်ထွက်ခွင့်မပေးတော့။ ဆုပေးပွဲအကြောင်းပြပြီး ချစ်သူနောက်ရအောင်လိုက်တဲ့ သဇင်ဟာ ဦးထွန်းလူ၏အရိပ်ဆီ ခိုနားခဲ့ရသည်။ ဦးထွန်းလူ၏ ပန်းချီကားကို ကြည့်ပြီး စုံစမ်းမှ သားအဖနှစ်ယောက်ပြန်လည်ဆုံဆည်းနိုင်ကြတော့သည်။
.           ထိုအချိန် ဒေါ်နေခြည်တစ်ယောက်.. တစ်ချိန်က ရန်ကြွေးအဖြစ် ဒေါ်ချယ်ရီ၏ လက်ထောက် ကိုသက်အောင်ရဲ့ ဒဏ်ခံနေရသည်။ အကြွေးကိစ္စအကြောင်းပြပြီး ကင်မရာဖြင့် ထောင်ချောက်ဆင်ထားသော အခန်းကို ကိုဆက်အောင်က အရောက်လာခိုင်း၍ ဒေါ်နေခြည်သွားသောအခါ အဓမ္မကြံခြင်းခံရပါတော့သည်။ ဦးထွန်းလူနှင့် သဇင်တို့ သားအဖနှစ်ယောက် အချိန်မီရောက်လာပြီး တားဆီးလိုက်နိုင်မှ ကိုသက်အောင်ကို ဖမ်းဆီးလိုက်နိုင်သည်။ ဒေါ်နေခြည် ဖရိုဖရဲပုံစံကို ကြည့်သွားသော သားအဖနှစ်ယောက်၏ မျက်လုံးကို သူမ ခံစားသွားရရှာသည်။
.           ရဲစခန်းမှာ ဒေါ်နေခြည်အဖြစ်အပျက်များကို စစ်ဆေးဖော်ထုတ်ရာမှ တ၀မ်းကွဲအမ ဒေါ်ချယ်ရီ၏ စနစ်ဖြစ် မှန်း ဦးထွန်းလူ သိလိုက်ရသည်။ သားအဖနှစ်ယောက်၏ အထင်လွဲခံသွားရသော ဒေါ်နေခြည်မှာ မိမိအမှားများ အတွက် နောင်တကို ခံစားရင်း ဒီဘ၀ ဒီမျှသာဟု စဉ်းစားကာ အိမ်မှ ထွက်လာခဲ့သည်။

.                                                                                          အပိုင်း (၃)

.           လေလွင့်ရင်ခွင်… ဒေါ်နေခြည်ကို ဦးထွန်းလူနှင့် သဇင်တို့က လိုက်ရှာကြရာမှ.. ဘုရားပေါ်တွင် တွေ့ဆုံရင် ရင်ခုန်ဖွယ် ပျော်ရွှင်ဖွယ် ဇာတ်သိမ်းသွားတော့သည်။ .......

LEAVE A REPLY

ဝေဖန်အကြံပြု ပေးပို့စာများတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် ပုဂ္ဂိုလ်ရေးကို ထိခိုက်စေနိုင်သော စာသားများ၊ နှင့်သတင်းအချက်အလက်များအား ပေးပို့ပါက Comments တွင် ဖေါ်ပြပေးမည် မဟုတ်ပါ။

Security code
Refresh