သရုပ်ဆောင် - ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခင်မို့မို့အေး
ထုတ်လုပ်ရေး - မျက်ခြယ်
ဇာတ်လမ်း - ၅၂၈ မေတ္တာဘွဲ့ ဇာတ်လမ်းအမျိုးအစား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်
ဒါရိုက်တာ - ညီညီထွန်းလွင်
ဝတ္ထု - ခင်ဦးခင်ခင်
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လွင်မိုး၊ ရာဇာနေ၀င်း၊ ခန့်စည်သူ၊ ပြေတီဦး၊ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ဖူးစုံ
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - လွင်မင်းအံ့
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရန်အောင်၊ ခန့်စည်သူ၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်
ဒါရိုက်တာ - မိုက်တီး
ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို
ဒါရိုက်တာ - မီးပွား
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - နေတိုး၊ ထွန်းထွန်း၊မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကယ်ဒမီငြိမ်းမင်း
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - လူမင်း၊ ချစ်သုဝေ
ဒါရိုက်တာ - အိအိခိုင်
ထုတ်လုပ်ရေး - လင်းရုပ်ရှင်ထုတ်လုပ်ရေး
ဝတ္ထု - မစန္ဒာ
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ဗေလုဝ
ဒါရိုက်တာ - အဏ်ထော်ဏီ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ကျော်သူ၊ မို့မို့မြင့်အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်
ဒါရိုက်တာ - အောင်ဆွေမြန်မာ
ထုတ်လုပ်ရေး - ကျော်
ဇာတ်လမ်း အကျဉ်း -
သရုပ်ဆောင် - ရဲအောင်၊ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ ပုလဲဝင်း၊ ချောရတနာ
ဒါရိုက်တာ - ညီညီထွန်းလွင်
ဇာတ်လမ်း အကျဉ်း -
ကြိုးတန်း

သရုပ်ဆောင် - ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို
ဒါရိုက်တာ - မီးပွား
ဧရာဝတီမြစ်၏ တစ်နေရာ မြစ်လယ်မကျတကျတွင် သောင်ကတုံးလေးတစ်ခုရှိသည်။ ထို သောင်ကတုံးပေါ်တွင် တဲတစ်လုံးရှိသည်။ ထိုထဲတွင် ကွန်သမား ‘ကျောက်နီ’ နှင့် ဇနီးသည် ‘မကျော့’ တို့နေထိုင်ကြသည်။ ငါးနှစ်အရွယ် သားကလေး ကျောက်ငါးကြင်း ကိုလည်း သည်တဲကလေးမှာပဲ မွေးသည်။ ကိုကျောက်နီတွင် လှေတစ်စင်းနှင့် ကွန်တစ်လက်ရှိသည်။ မနက်မိုးလင်းသည်နှင့် မြစ်ရိုးတစ်လျှောက် ငါးရှာထွက်သည်။ ဖမ်းဆီးရလာသည့် ငါးများကို ဇနီးသည် မကျော့က ဈေးသို့တက်ရောင်းရသည်။ တစ်ခါတစ်ရံ တွင် ရွားရိုးကိုးပေါက် အော်ရောင်းရင်း ကုန်တော့လည်း မြစ်ဆိပ်ကို ပြန်လျှောက်ကာ ငအော်၏ ကူးတို့ဖြင့် တဲသို့ ပြန်လေသည်။
. ကိုလှဆောင်း နှင့် ဇနီးသည် မလှစိန်တို့မှာ မြစ်ဆိပ်ရွာစုကလေးမှာ မြေနုကျွန်းတောင်သူဖြစ်သည်။ မြေနုကျွန်းနှင့် မြစ်ကမ်းပါးဘေးမှာ အိမ်ကလေးတစ်လုံးနှင့် နေခဲ့ကြသော်လည်း မြစ်ကမ်းပါးတွေ ပြိုသည့်နှစ်က သူတို့ ၏ အိမ်ကလေးသည် မြေပိုင်တစ်ယောက်၏ ခြံဝင်းထောင့်ကလေး တစ်နေရာသို့ ရွှေ့လိုက်ရ၏။ မြေနုကျွန်းပေါ်သည့် နှစ်တွေမှာ မြေပဲစိုက်သည်။ ကိုယ်ပိုင်လှေကလေးရှိတော့ တစ်ခါတစ်ရံ ငါးရှာထွက်သည်။ ဇနီးဖြစ်သူ မလှစိန်က ငါးရောင်းသည်။ ကျောက်နီသည် လှေတစ်စင်းရင်း ကွန်ပစ်ရင်းလှဆောင်တို့ ကမ်းဘက်ရောက်လာတတ်ရာက ခင်မင်ရင်းစွဲရှိခဲ့ကြသည်။ နောက်ပိုင်းတွင် ကူးတို့သမား ငအော်၏ ဆက်သွယ်ပေးမှုဖြင့် သောင်ကုတုံးပေါ်သို့ လှဆောင်းတို့လင်မယားပါရောက်လာခဲ့ကြသည်။ လှဆောင်းတို့ တဲကလေးကို အတူဝိုင်းဆောက်ပေးကြသည်။ တဲနီးချင်းဆိုတော့ ချစ်ချစ်ခင်ခင် ရှိကြသည်။ တစ်ဦးကိုတစ်ဦး ဖေးမကြသည်။ ငါးရသူက မရသူကို စောင့်ရှောက်သည်။ ညနေဖက်မြစ်ကမ်းတွေဘက် တက်ကာ အရက်က လေးသောက်ကြတော့လည်း အတူတူ။ သောင်စပ်မှာ ကျားထိုးကြ၊ တစ်ယောက်က မယ်ဒလင်တီး၊ တစ်ယောက် က သီချင်းဆို။ ကျောက်နီသား ကျောက်ငါးကြး ကိုပင် လှဆောင်းတို့က သားအရင်းပမာ ချစ်ခင်ကြသည်။ မကျော့နှင့် မလှစိန်တို့ကလည်း သွားအတူ လာအတူ ငါးရောင်းသွားတော့လည်း အတူတူပင်။ ဘ၀တူချင်းမို့ စည်းစည်းလုံးလုံးရှိကြသည်။ ငါးရောင်း၍ရလာသော ငွေများကို ကိုကျောက်နီတို့က မိသားစု ခေါင်းအုံးထဲတွင် စုထားသလို ကိုလှဆောင်းတို့ မိသားစုကလည်း ၀ါးကျဉ်ထဲတွင်ထည့်ကာ သဲထဲတွင်မြုပ်ထားသည်။ မိသားစုနှစ်ခုစလုံး၏ ရည်ရွယ်ချက်မှာ အပေါင်ဆိုင်ပိုင်ရှင် ကိုကျစ်တီးထံမှ တီဗီလေးအား ၀ယ်ရန် ကြိတ်၍ ကြံစည်နေခြင်းပင်ဖြစ်သည်။
. သည်လိုနေခဲ့ကြရင်း ကျောက်နီက ငါးကြီးငါးကောင်းတွေ သည်ရက်တွေထဲ အရများလာသည်။ တီဗီဝယ်ဖို့ ငွေကလေးပင်ပြည့်တော့မည်။ လှဆောင်းကတော့ သည်ရက်ထဲ ငါးမရတော့ မိန်းမက ငြူစူလာ သည်။ တဲနီးနားခြင်းဆိုတော့ တစ်ဦးအကြောင်း တစ်ဦး သိလာကြရာ မကောင်းစိတ်ကလေးတွေ ၀င်လာ ခဲ့ကြသည်။ ကျောက်နီက လေမြင့်လာသည်။ မယားဖြစ်သူ မကျော့က အသံကျယ်လာသည်။ လှဆောင်းတို့ မှာ ကံအလှည့်မသင့်တော့ လှေခွက်ချည်းပြန်ရတာ များနေသည်။ ဆင်းရဲတာကို မျှဝေခံစားနိုင်ကြသော်လည်း တစ်ဦးအဆင်ပြေတာကိုတော့ တစ်ဦးက မုဒိတာမပွားနိုင်ကြ။ သည်လိုနှင့် အာဃာတ၊ မစ္ဆေရိယ စိတ်ကလေးတွေ လွန်ကဲလာကြသည်။
. တစ်ညတွင် ကျောက်နီ၏ လှေနှင့် မယ်ဒလင်ပျောက်ဆုံးသွားသည်။ နောက် လှဆောင်း၏ ငါးတွေပျောက်သည်။ ၎င်းတို့မိသားစုများကြားတွင် သံသယစိတ်များ ပိုမိုကြီးထွားလာသည်။ ဒေါသ၊ မောဟ စိတ်များ၊ တစ်နေ့တစ်ခြား ကြီးစိုးလာသည်။ သောင်ကတုံးပေါ်တွင် သာယာသော မယ်ဒလင်သံလည်း ပျောက်ကွယ်သွားသည်။ အမုန်းနှင့် အငြိုးအတေးတွေသာ ရှိကြတော့သည်။
. တစ်ရက်မှာတော့ ကျောက်နီက ရှစ်ပိဿစီး ငါးကြီးတစ်ကောင်ရလာခဲ့သည်။ ကျောက်နီ ငါးရောင်းပြီး လျှင် တီဗီဝယ်နိုင်ဖို့ သေချာသွားပြီ။ လင်မယားနှစ်ယောက် အပျော်ကြီးပျော်နေကြသည်။ မနက်မိုးလင်းချိန်မှာ တော့ ငါးဘတ်ကြီး ပျောက်ခြင်းမလှ ပျောက်သွားသည်။ ကျောက်နီတို့လင်မယားက လှဆောင်းတို့ခိုးသည်ဟု သံသယ၀င်နေရုံသာမက အသေအချာပင် တွက်ဆထားသည်။ ဒေါသစိတ်များမှာလည်း အထွက်အထိပ်သို့ ရောက်လာခဲ့သည်။
. နောက်တစ်ရက်မနက်တွင် လှဆောင်း၏ ငါးဖမ်းပိုက်မှာ သုံးမရအောင် ဓားခွဲခံထားရသည်။ လှဆောင်းမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ နဂိုထဲက သံသယရှိနေသည့် ကျောက်နီအား စိန်ခေါ်ပြီး အပြန်အလှန်စကားများကြရင်း တစ်ယောက် မှိန်နှင့်ထိုး၊ တစ်ယောက်က ဓါးနှင့်ခုတ်ကြရာ ရန်ပွဲမှာ တစ်ဖြည်းဖြည်းနှင့် ပြင်းထန်လာသည်။ မကျော့နှင့် မလှစိန်တို့မှာလည်း မိမိတို့၏ လင်သားများကို ဆွဲခွာ ဖြန်ဖြေ ရင်း သောင်ပေါ်တွင် လုံးထွေးနေကြသည်။ နောက်ဆုံးဖြန်ဖြေ၍ မရသည့်အဆုံးတွင် ငိုယို၍ ကြည့်နေရလေသည်။ ထိုအချိန်တွင် ငအော် ပင့်ဆောင်လာသော ဘုန်းတော်ကြီးတစ်ပါး ကြွလာပြီး အနိစ္စသဘောကို သောင်ကတုံးလေးနှင့် ယှဉ်၍ဟောပြလေသည်။ သည်သောင်ကုတုံးလေးသည် မမြဲကြောင်း။ လူ့ဘ၀သည်ပင် မမြဲကြောင်း။ လူ့ဘ၀နေရခိုက်လေးမျာ တစ်ဦးကောင်းစားတာကို တစ်ဦးက မေတ္တာတရား၊ မုဒိတာတရားထားကြဖို့ လိုကြကြောင်း ဟောပြောဆုံးမ၍ ငအော်၏ လှေကလေးဖြင့် ပြန်ကြွသွားလေသည်။ အနောက်ဖက်အရပ်ရှိ နေလုံးနီနီကြီးမှာလည်း တောင်းစောင်းသို့ တစ်ဖြည်းဖြည်း တိုးဝင်ကာ ပျောက်ကွယ်သွား လေသည်။..................